ဇမ္ဗူသီရိ ဩဂုတ် ၄
ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာ ရှိ လယ်ယာဂုဏ်ဆောင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်မြင့်ဦး၏ စိုက်ဧက ၁ ဒသမ ၅၀ ဧကတွင် မိုးစပါး အောင်နိုင်တိုးမျိုးစပါး စိုက်ပျိုးရန်အတွက် မြေပြင်ခြင်းအား နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိုးစပါး အထွက်နှုန်း ရည်မှန်းချက်ပန်းတိုင်ပြည့်မှီစေရေးနှင့် မိုးစပါး အောင်နိုင်တိုးမျိုးစပါး စိုက်ပျိုးရန် အတွက် မြေပြင်ခြင်းတို့အား တာဝန်ရှိသူများ၊ အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ လိုအပ် သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
နီလာ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်