Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းက မိုးစပါးများ စိုက်ပျိုးထွက်ရှိ


03 Nov,2022

ပွင့်ဖြူ၊ နိုဝင်ဘာ  ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းက အသင်းပိုင်စိုက်ပျိုးမြေဧက ၁၈၀ နှင့် အသင်းသားပိုင် စိုက်ပျိုးမြေဧက ၂၀ ပေါ်တွင် ရက် ၁၀၀ စပါး၊ ရွှေဆည်ရင်၊ ဆာဖိုးသာ(၁)၊ ပခန်းရွှေဝါ၊ ပေါ်ဆန်းရင်၊ ပေါ်ဆန်းနက်နှင့် ဧရာမင်းစပါးများ စိုက်ပျိုးထားရှိသည်။ ယခုအခါ စိုက်ပျိုးခဲ့သည့် စပါးများအနက်မှ ရက် ၁၀၀ စပါး တစ်ဧကအထွက်နှုန်း ၁၀၅ တင်း၊ ရွှေဆည်ရင်စပါးနှင့် ပခန်းရွှေဝါစပါး တစ်ဧကအထွက်နှုန်း ၉၅ တင်း၊ ဆာဖိုးသာ(၁) စပါး တစ်ဧကအထွက်နှုန်း ၁၃၉.၅၄ တင်း ပျမ်းမျှထွက်ရှိသည်။

အသင်းမှ စိုက်ပျိုးမြေများတွင် မျိုးစေ့ထုတ်လုပ်ရောင်းချသည်သာမက အကျိုးတူတောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သော အရည်အသွေးမီ မျိုး‌ကောင်းမျိုးသန့်များ ကို အခမဲ့ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးထွန်ယက်ချိန်တွင် မြေယာပြုပြင်ရန်အတွက် လိုအပ်သော စိုက်ပျိုးစရိတ်ကို ကြိုတင်ထုတ်ပေးခြင်း၊ မျိုးစပါးပင်များ၏ သက်တမ်းအလိုက် သုံးစွဲရသော မြေဆီဩဇာနှင့် ပိုးသတ်ဆေးများကိုလည်း မျှဝေဆောင်ရွက်ပေးခြင်း၊ အတွေ့အကြုံရှိ အသင်း သားများမှ သွားရောက်ဆောင်ရွက်ပေးခြင်းနှင့် ထွက်ရှိလာသောစပါး အစိုများကိုလည်း ပြန်လည် ဝယ်ယူလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်