Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၂၆)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ


03 Nov,2022

သန်လျင်၊ နိုဝင်ဘာ ၂

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် (၂၆) ကြိမ်မြောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက်(၁၀) နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် သံဃာတော်အရှင်သူမြတ် (၅) ပါး ပင့်ဖိတ်၍ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များက သံဃာတော်အရှင်သူမြတ်များထံမှ သီလပေးတရားတော်များ နာယူခဲ့သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ပဒေသပင် (၇) ခုနှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား ကထိန်ခင်းကျင်းသည့် ညောင်သုံးပင်ကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့သည်။ အဆိုပါ ပဒေသာပင်(၇)ခုတွင် ငွေသားတန်ဘိုး (၁၂၇၅၀၀၀) ကျပ်နှင့် ပစ္စည်းတန်ဘိုး (၈၈၀၄၅၀) ကျပ်၊ စုစုပေါင်းတန်ဘိုး (၂၁၅၅၄၅၀) ကျပ် ဖြစ်ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်