Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ


07 Aug,2025

ရန်ကုန်  ဩဂုတ် ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ နဝမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၃)ရက် နံနက် (၀၉:၀၀)နာရီတွင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်‌‌ဇော်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ ၊ ဦးဝင်းနိုင်ထွန်း (ဒုတိယပါမောက္ခချုပ်(စီမံ))၊ ဒေါက်တာဥမ္မာစံ‌ (ဒုတိယပါမောက္ခချုပ်(သင်ကြား))၊ အထူးဖိတ်ကြားထားသူများအဖြစ် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒေါက်တာဒေါ်ရီအေး(ပါမောက္ခချုပ်(ငြိမ်း)၊ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)၊ ပြင်ပပညာရှင် ဆရာမကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အထူးဧည့်သည်‌တေ်ကြီးများ၊ ဘွဲ့ယူမောင်မယ်များ၊ ၎င်းတို့၏မိဘဆွေမျိုးများ  တက်ရောက် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို အပိုင်း(၂)ပိုင်းအနေဖြင့် ကျင်းပရာ  နံနက်ပိုင်းတွင် ပထမပိုင်းအခမ်းအနား အစီအစဥ်အရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ပြည်ထောင်စုဝန်ကြီးကိုယ်စား ဘွဲ့နှင်းသဘင်အခမ်းအနား ဂုဏ်ပြုချီးမြှင့်အမှာစကား ပြောကြားပြီး အမြဲတမ်းအတွင်းဝန်နှင့်ဝာာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်ကြီးများနှင့် ဘွဲ့ယူမောင်မယ်များ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဒုတိယပိုင်းအစီအစဉ်တွင် ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာ “မိမိတို့ တက္ကသိုလ်အနေဖြင့် စီးပွားရေး ပညာရပ်များအပြင် လူမှုရေးစိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော သဘောတရားများ၊ အထူးပြုဘာသာရပ်နယ်ပယ်များအပြင် လိုအပ်သော အထောက်အကူပြု ဘာသာရပ်များနှင့် လက်တွေ့လုပ်ငန်းခွင်တွင် အလိုအပ်ဆုံးသော အခြေခံကောင်းများကို သင်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ယှဉ်ပြိုင်နိုင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြရန်၊ ယနေ့မောင်တို့မယ်တို့ကို ရိုးသားဖြောင့်မတ်သော၊ အများအကျိုးဆောင်လိုသော၊ တိုးတက်ကြီးပွားလိုသော စိတ်ကောင်းများဖြင့် ဘက်စုံကဏ္ဍစုံကနေ နိုင်ငံတော်ကို လက်တွေ့အကျိုးပြုကြရန်၊ တိုင်းပြည်အနာဂတ်အတွက် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဖြင့် အကောင်းဆုံး ဆောင်ရွက်သွားကြရန်၊ အစဉ်သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတွင် ကိုယ်တိုင်လေ့လာဆည်းပူးရင်း နိုင်ငံနှင့် ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်သွားကြရန်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်နိုင်ငံကို မျိုးချစ်စိတ်ဖြင့် ထိန်းသိမ်းမြှင့်တင်ရင်း အမိတက္ကသိုလ်နှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ နိုင်ငံတော်မှ အားထားရသော တာဝန်ယူတတ်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်စွမ်းဆောင်ရှင်များ ဖြစ်ကြစေလိုကြောင်း၊ မောင်တို့မယ်တို့ ဘွဲ့ရလူငယ်များကို Job Opportunity အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် job fair များ ကျင်းပကာဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး လိုအပ်သော သင်တန်းများဖွင့်လှစ်ကာ အခွင့်အလမ်းများဖန်တီးပေးခြင်း၊ အကျိုးပြုသုတေသနများ ပေါ်ထွက်လာအောင်ရည်ရွယ်ပြီး သုတေသနစာတမ်းဖတ်ပွဲများလည်း နှစ်စဉ်ကျင်းပပြီး သုတေသနဂျာနယ်များ နှစ်စဉ်ထုတ်ဝေလျက်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ကိုးရီးယားသမ္မတနိုင်ငံ Korea-Myanmar Research Association (KOMYRA) ၊ မလေးရှားနိုင်ငံ University Malayisa Sarawak(UNIMAS)နှင့် ကိုးရီးယားသမ္မတနိုင်ငံ Sunchon National University (SCMU)တို့နှင့် အကျိုးပြုသုတေသနလုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာ ဖလှယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း၊ ဇန်နဝါရီ (၂၈) ရက်နေ့တွင် AUNQA Membership အဖွဲ့ဝင်ဖြစ်ခဲ့ခြင်း၊ India နိုင်ငံ TAKSHASHINA University နှင့်လည်း MoU ရေးထိုးရန် ညိနှိုင်းဆောင်ရွက်ခြင်း၊ တိုင်းပြည်အနာဂတ်အတွက် ယနေ့လူငယ်များသည် ရိုးသားဖြောင့်မတ်သောစိတ်၊ အများအကျိုးဆောင်လိုသောစိတ်စသော စိတ်ကောင်းစိတ်မြတ်များ ခိုင်ခိုင်မာမာ ဖြစ်ထွန်းလာအောင် ကြိုးစားပြီး နိုင်ငံတော်ကို လက်တွေ့အကျိုးပြုရန် မှာကြားလိုခြင်း၊ ကမ္ဘာစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြေမပြတ်လေ့လာပြီး ယှဉ်ပြိုင်နိုင်သော Entrepreneurs ဟုခေါ်သော စွန့်ဉီးတီထွင်လုပ်ငန်းရှင်များဖြစ်အောင် မိမိကိုယ်ကို ကြိုးစားဆောက်တည်သွားကြရန်၊ အစဉ်သင်ယူနေရသော လူ့ဘောင်အဖွဲ့အစည်းမှာ မိမိကိုယ်တိုင်လေ့လာဆည်းပူးရင်း နိုင်ငံနှင့်ပြည်သူများအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်သွားကြရန်လိုကြောင်း ” စသည်တို့ကို ထည့်သွင်း ပြောကြားပါသည်။

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မဟာဘွဲ့ (၁၀) ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (၁၈၂) ဦး၊ Dip HRM ဒီပလိုမာတန်း(၅၅ )ဦး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် online system ဖြင့် စတင် ဖွင်လှစ်ခဲ့သည် မဟာဘွဲ့သင်တန်းများမှ MBAဘွဲ့ (၉၂)ဦး၊ MPAဘွဲ့ (၆၂)ဦး နှင့် MARဘွဲ့ (၁၆)ဦး  စုစုပေါင်း (၄၂၀)ဦးအနက် တက်ရောက်ဘွဲ့ယူသူ (၂၉၅)ဦးနှင့် အဝေးရောက် ဘွဲ့ယူသူ(၁၂၅)ဦး တို့ကို သက်ဆိုင်ရာ ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို  (၁၅:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်