Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟိုပုံးမြို့နယ်သမ၀ါယမအသင်းစုလီမိတက်မှ အရပ်ရပ်ဆိုင်ရာစည်း၀ေး


13 Aug,2025

တောင်ကြီး  သြဂုတ်  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်သမ၀ါယမအသင်းစုလီမိတက်မှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအ၀ေးကို ဟိုပုံးမြို့နယ်သမ၀ါယမဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်သမ၀ါယမအသင်းစုဥက္ကဋ္ဌ သဘာပတိက အသင်း၏ လုပ်ငန်း ဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်သမ၀ါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး အသင်းမှအမှုဆောင်အဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ဖတ်ကြားခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အစီရင်ခံ စာဖတ်ကြား ရှင်းလင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့် အတည်ပြုချက်များ ရယူဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစည်းအ၀ေးသို့ ရှမ်းပြည်နယ်သမ၀ါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာ၀န်ရှိသူများ၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမ၀ါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဟိုပုံးမြို့နယ်သမ၀ါယမအဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများ၊ မြို့နယ် သမ၀ါယမအသင်းစုမှ ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အသင်း၀င်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်