Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါအောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်


14 Aug,2025

ပျော်ဘွယ် ဩဂုတ် ၁၄

ပျော်ဘွယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်နေမှု မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရတနာထွန်းက မိုးကြိုဝါများ စံနှုန်းပြည့်မီစွာ ထွက်ရှိနိုင်ရန်အတွက် အထူးဂရုပြုရမည့် အချက်များ၊ ယခုဝါများ ထွက်ရှိချိန်တွင် အသင်းသားတောင်သူများ ဈေးကောင်းရရှိစေရန် ဝါဝယ်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

မြို့နယ်သမဝါယဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမ အသင်း(၉)သင်းမှ ဝါစိုက်ဧက (၆၀၀) အတွက်၊ B-31 မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်