Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားတက်ရောက်


20 Aug,2025

နေပြည်တော် ဩဂုတ် ၁၉

မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာ တောင်သူအသိပညာပေးစင်တာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အကြီးအကဲမှ တောင်သူများ သက်သာသောဈေးနှုန်းဖြင့် သွင်းအားစုများ သုံးစွဲနိုင်ရေး သီးနှံပေါ်ပေးစနစ်ဖြင့် ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်နှင့်အညီ နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး တောင်သူများ အဓိက လိုအပ်သော သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခု မိုးစပါးစိုက် တောင်သူများအနေဖြင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သွင်းသွင်းအားစု ဓါတ်မြေဩဇာများ သုံးစွဲရာတွင်လည်း စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များကို စနစ်တကျမှန်ကန်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်းမြင့်မားလာ စေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသား တောင်သူများအနေဖြင့် ကိုယ်လုပ်မှကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ် များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သီးနှံပေါ်ပါက ယခုသွင်းအားစု တန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင် ချေးငွေများကို အပြေမကြေ ပြန်ဆပ်ရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျေးရွာများမှာ ရေမြေသဘာဝအခြေအနေအရ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကျေးရွာများဖြစ်သည့်အတွက် ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးစပါး စိုက်ပျိုးမှု အခြေအနေများ၊ သွင်းအားစုဖြန့်ဖြူးမှု အခြေအနေများ၊ သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေး အထွက်တိုးမျိုးစပါးများကို Drum Seeder များဖြင့် စိုက်ပျိုးကြရန်လိုအပ် ကြောင်း၊ အမှန်တကယ်ကြိုးပမ်း ဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင်ဖြစ် ပါကြောင်း ဆွေးနွေးပြောကြားပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပြည်ထောင်စု ဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များက လယ်ဝေးမြို့နယ်အတွင်းရှိ ကြောင်ရေ၊ နောင်ဘို၊ သပြေပင်၊ ပြောင်ခေါင်းကြီး၊ ပေါက်မြိုင်၊ အလယ်ကျွန်း၊ သော်မှော်ကုန်း၊ ရွှေပြည်အေး စသည့် ကျေးရွာရှစ်ရွာမှ မိုးစပါးစိုက်တောင်သူများအား သွင်းအားစု ပုလဲဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ကြပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာများခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုအားပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြောင်ရေစံပြကျေးရွာ၌ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသူများ၏ မိုးဘက်စုံသုံး ဆပ်ပြာရည်လုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများစဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောအရင်းအနှီး များ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်သွားရန်နှင့် ထုတ်လုပ်သည့်ပစ္စည်းများ အရည်အသွေးပြည့်မီရေး၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး အသင်းပိုင်မြေ ၁၉ ဧကကျော်တွင် အသင်းသားတောင်သူများ၏ အောင်နိုင်တိုးအထွက်တိုး မျိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေအားလည်းကောင်း၊ ဘရာမင်ရွှေနီ နွားမျိုးနှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အောင်ရေရရှိရေး၊ ပေါင်းမြက်ကင်းစင်ရေးနှင့် ဈေးကွက်ရရှိရေးကိစ္စရပ်များနှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်