Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် သရက်ပင်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်


21 Aug,2025

ပုဗ္ဗသီရိမြို့နယ် သရက်ပင်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

*******************************************************************

နေပြည်တော် ဩဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့်ဝဲကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကောမတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၀ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ကျင်းပပြုလုပ်သည်။ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင့်က ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး
ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများဖော်ဆောင်ရန် ကျေးရွာသူ၊ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ ကော်မတီဝင် ခုနှစ်ဦးကိုရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။သရက်ပင်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း ၁၅၀၊ပြည်သူထည့်ဝင်ငွေများ အသုံးပြုကာ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်