ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်းလမ်းမှ ခိုင်းကျေးရွာဆက်သွယ်သောလမ်းအား မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
ဆင်ပေါင်ဝဲ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊တိုင်းဒေသကြီးရန်ပုံငွေဖြင့် သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်း လမ်းမှခိုင်းကျေးရွာဆက်သွယ်သောလမ်းအား မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဩဂုတ်၂၀ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)စီမံကိန်း စစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန(QC)အဖွဲ့၊ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)ဒေါ်နှင်းပုလဲထွေး နှင့် တာဝန်ရှိသူများက သမန်းကြီး - ကုက္ကိုစမ်း-ညံတောအင်းလမ်းမှ
ခိုင်းကျေးရွာဆက်သွယ်သောလမ်းအား မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်း များသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လိုအပ်သည်များ မှာကြားခဲ့သည်။အဆိုပါ သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်းလမ်းမှခိုင်းကျေးရွာဆက်သွယ်သောလမ်း အရှည် တစ်မိုင်ခြောက်ဖာလုံ၊ အကျယ် ၁၈ပေ၊ အမြင့်ရှစ်လက်မ မြေနီခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေကျပ်၁၃၃သန်းအသုံးပြုကာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ်ဇူလိုင်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ၈၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်