မက်မန်း ဩဂုတ် ၂ဝ
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝမ်ပါလောင်း - ဖာဆေ့လမ်း ကျေးရွာချင်းဆက်မြေသားလမ်းချဲ့ခြင်းလုပ်ငန်းအတွက် စစ်ဆေးတိုင်းတာခြင်းကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး တိုင်းတာကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးနိုင်နိုင်ဝင်း၊ မက်မန်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ထွန်း၊ မက်မန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဦးမျိုးကိုကိုနှင့် တာဝန်ရှိသူများက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၁၇၃ ဒသမ ၄၂၅ သန်းဖြင့် မက်မန်းဗလကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည့် ဝမ်ပါလောင်း – ဖာဆေ့လမ်း လမ်းအရှည် နှစ်မိုင်၊ အကျယ်ပေ ၃၀ ရှိလမ်းမြေသားချဲ့ခြင်း လုပ်ငန်းအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်