Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


25 Aug,2025

နေပြည်တော် ဩဂုတ် ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ သဘာပတိနှင့် အမှုဆောင်များ၊ အသင်းသားအသင်းသူ ဝန်ထမ်းများ တက်ရောက်သည်။

ရှေးဦးစွာ သဘာပတိက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့၏ လမ်းညွှန်ကူညီထောက်ပံ့မှုများဖြင့် ဝန်ထမ်းများအတွက် သက်သာချောင်ချိ ရေးဆောင်ရွက်ပေးမှုများ၊ အသင်းမှ လစဉ်ထောက်ပံ့ပေးနေမှုများနှင့် အသင်းအောင်မြင်တိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို ပြောကြားသည်။

ယင်းနောက် အသင်းအမှုဆောင်က အသင်းသားများအတွက် ဆေးရုံစရိတ်၊ နားရေးစရိတ်၊ သင်တန်းတက်စရိတ်၊ ပညာသင်စရိတ် ထောက်ပံ့ပေးမှုများနှင့် ရငွေသုံးငွေစာရင်းများကိုလည်း ကောင်း၊ အသင်းသားစာရင်းစစ်က အသင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားကြသည်။

ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားကာ အသင်းအမှုဆောင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်