Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားတက်ရောက်


27 Aug,2025

နေပြည်တော် ဩဂုတ် ၂၆

၁။      ပဲခူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ် အိုးဘိုကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

၂။      အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကြဲပက်စနစ်အစား Drum Seeder များ တိုးချဲ့ထုတ်လုပ် သုံးစွဲနိုင်ရေး ဆောင်ရွက် ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားပါသည်။

၃။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရမှ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများကို တောင်သူများထံ အရောက်ဖြန့်ဝေပေးရခြင်း ရည်ရွယ်ချက်မှာ တောင်သူများ ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး ချက်ချင်းမပေးနိုင်သည့် တောင်သူများမှ သုံးစွဲနိုင်ရန်ဖြစ်ကြောင်း၊ သွင်းအားစုများ သုံးစွဲနိုင်မှ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိမှာ ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိမှာသာ တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်း မြင့်မား လာစေမှာဖြစ်ကြောင်း၊ တောင်သူတစ်ဦးချင်း စီးပွားရေးအဆင်ပြေမှသာ နိုင်ငံ့စီးပွားရေး အဆင်ပြေ တိုးတက်လာမှာဖြစ်တာကြောင့် ယခုစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် သွင်းအားစု ဓါတ်မြေဩဇာများ သုံးစွဲရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များကို စနစ်တကျ မှန်ကန် အောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သွင်းအားစုများအား မှန်မှန်ကန်ကန် အသုံးပြုနိုင်မှသာ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ပြီး သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်း များ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအားစုများပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုန်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များ အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း တောင်သူများအား စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲ၍ အသိပညာပေးပြောကြားနေရန် လိုအပ်ပါကြောင်း၊ သီးနှံပေါ်ပါက ယခုသွင်းအားစု တန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင် ချေးငွေများကို အပြေမကြေ ပြန်ဆပ်ရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။

၄။      ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပဲခူးမြို့နယ်အတွင်းရှိ အိုးဘို ကျေးရွာအပါအဝင် ကျေးရွာ(၁၁)ရွာမှ မိုးစပါးစိုက်တောင်သူများအား ယူရီးယား၊ ကွန်ပေါင်း သွင်းအားစု ဓါတ်မြေဩဇာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်