Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး GIS သင်တန်းဖွင့်ပွဲကျင်းပ


26 Aug,2025

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး GIS သင်တန်းဖွင့်ပွဲကျင်းပ

‎*******************************

‎မြောင်းမြ      ဩဂုတ်         ၂၆

‎‎ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်း များ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး GIS သင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ဌာန၏ လုပ်ငန်းတာဝန်များအနက် ဝန်ထမ်းများစွမ်းရည် ပြည့်ဝရေးသည် အခြေခံတစ်ခုဖြစ်ကြောင်း၊ မိမိက ပညာပြည့်ဝမှသာလျှင် ပြည်သူအကျိုးပြုလုပ်ငန်း များဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူမည်ဖြစ်ကြောင်း၊ သင်တန်းသူ/သားများ အနေဖြင့် သင်တန်းကာလပြီးမြောက်သည့်တိုင် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

‎‎ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားမည့် GIS နည်းပညာ အသုံးပြုနည်းဆိုင်ရာ ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

‎‎အဆိုပါသင်တန်းကို ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့ထိ ၁၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြောင်းမြခရိုင်ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ သင်တန်းသူ သင်တန်းသား ၁၃ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်