Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက် ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ လာရောက်လည်ပတ်


29 Aug,2025

သန်လျင် ဩဂုတ် ၂၈

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူးချုပ် Dr. P. Chandra Shekara ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် အဖွဲ့ သည် ၂၈-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ဘက်စုံသုံးခန်းမသို့ ရောက်ရှိရာ ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများက ကြိုဆိုခဲ့ကြသည်။ ၎င်းနောက် အဆိုပါအဖွဲ့အား သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)မှ ကျောင်းသား၊ ကျောင်းသူများက မြစိမ်းရောင်လွှမ်းအေးချမ်းစေမည် မြန်မာပြည်၊ လက်ပံပွင့်ကောက်အရောက်လာမယ်နှင့် နားပန်းဆံသီချင်းများဖြင့် တေးသရုပ်ဖော် ကပြ ဖျော်ဖြေခဲ့ကြသည်။ ထို့နောက်သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ မှတ်တမ်းဗီဒီယိုအား ပြသခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ယင်းနောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူးချုပ် Dr. P. Chandra Shekara က လာရောက်လည်ပတ်ခြင်းနှင့် စပ်လျဉ်း၍ မိတ်ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်က ညွှန်ကြားရေးမှူးချုပ် Dr. P. Chandra Shekara နှင့် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်တို့အား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်