Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားတက်ရောက်


01 Sep,2025

နေပြည်တော် ဩဂုတ် ၃၀

      မြို့သစ်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲနှင့် ဆောင်းမြေပဲ စိုက်တောင်သူများအတွက် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(သက်တံ့ရောင်စီမံကိန်း)ဖြင့် မျိုး၊ သွင်းအား စု၊ မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

     အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကြဲပက်စနစ်အစား Drum Seeder များ တိုးချဲ့ထုတ်လုပ် သုံးစွဲနိုင်ရေး ဆောင်ရွက် ပေးနေမှု အခြေအနေများနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ဆွေးနွေးပြော ကြားပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရမှ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများကို တောင်သူများထံ အရောက်ဖြန့်ဝေပေးရခြင်း ရည်ရွယ်ချက်မှာ တောင်သူများ ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး ချက်ချင်းမပေးနိုင်သည့် တောင်သူများမှ သုံးစွဲနိုင်ရန်ဖြစ်ကြောင်း၊ သွင်းအားစုများ သုံးစွဲနိုင်မှ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိမှာ ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိမှာသာ တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်း မြင့်မား လာစေမှာဖြစ်ကြောင်း၊ တောင်သူတစ်ဦးချင်း စီးပွားရေးအဆင်ပြေမှသာ နိုင်ငံ့စီးပွားရေး အဆင်ပြေ တိုးတက်လာမှာဖြစ်တာကြောင့် ယခုစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သီးနှံပေါ်ပေးစနစ် ဖြင့် သွင်းအားစုများ ထောက်ပံ့ရာတွင် ဈေးနှုန်းအနေဖြင့် ရန်ကုန်အထိုင်ပြင်ပပေါက်ဈေး ယူရီးယား တစ်အိတ်လျှင် ငွေကျပ် ၁၀၂၀၀၀ ရှိပြီး ယခုစီမံကိန်းဖြင့် ဖြန့်ဝေသောဈေးနှုန်းမှာ ရန်ကုန်အထိုင် ဈေး ငွေကျပ် ၈၉၅၀၀ ဖြစ်ပါကြောင်း၊ ရန်ကုန်အထိုင်ပြင်ပပေါက်ဈေး ကွန်ပေါင်းတစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ရှိပြီး ယခုစီမံကိန်းဖြင့် ဖြန့်ဝေသော ဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး ငွေကျပ် ၁၂၀၀၀၀ ဖြစ်ပါကြောင်း၊ သယ်ယူစရိတ်နှင့် သတ်မှတ်ကုန်ကျစရိတ်များအပါအဝင် ယူရီးယားနှင့် ကွန်ပေါင်းတစ်အိတ်လျှင် တောင်သူများ လက်ဝယ် အရောက် ပြင်ပဈေးထက် ငွေကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ သက်သာနိုင်မှာဖြစ်ကြောင်း၊ ပြင်ပဆိုင်များတွင် သီးနှံပေါ်ပေးစနစ်ဖြင့် ဝယ်ယူပါက ပိုမိုကျသင့် မှာဖြစ်ကြောင်း၊ သွင်းအားစု ဓါတ်မြေဩဇာများ သုံးစွဲရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များကို စနစ်တကျ မှန်ကန် အောင်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ သွင်းအားစုများအား မှန်မှန်ကန်ကန် အသုံးပြုနိုင်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိမည်ဖြစ်ပြီး သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုများပံ့ပိုး ပေးနိုင်ရေး၊ ထွက်ရှိ လာသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုန်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက် နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့်လည်း စေတနာ ထားပြီး တောင်သူများအား စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ၍ အသိပညာပေး ပြောကြားနေရန်လို အပ်ပါကြောင်း၊ သီးနှံပေါ်ပါက ယခုသွင်းအားစု တန်ဖိုးများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင် ချေးငွေများကို အပြေမကြေ ပြန်ဆပ်ရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် ဒေသခံတောင်သူ များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

      ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့သစ်မြို့နယ်အတွင်းရှိ  ကျေးရွာ(၂၀)ရွာမှ မိုးစပါးစိုက်တောင်သူများအား ယူရီးယား၊ ကွန်ပေါင်း သွင်းအားစု ဓါတ်မြေဩဇာ များအား ထောက်ပံ့ပေးအပ်ကြပါသည်။

    ဆက်လက်၍ သမဝါယမဦးစီးဌာနက တိုင်းဒေသကြီးအတွင်း ဆောင်းမြေပဲ စိုက်တောင်သူ များအတွက် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(သက်တံ့ရောင်စီမံကိန်း)ဖြင့် မျိုး၊ သွင်းအား စု၊ မြေဩဇာ ပေးအပ်ပွဲ  အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။

      ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲမှ မူဝါဒလမ်းညွှန် ထားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (နေကြာ ဆီထွက်သီးနှံ) စီမံကိန်း၊ ယခု သက်တံ့ရောင်စီမံကိန်း မှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာ များကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ် အချိန်မီ ရောက်ရှိရေး စီမံဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ စီမံကိန်း အောင်မြင်စေရေး ဌာနဆိုင်ရာ ဝန်ထမ်းများမှ တောင်သူများနားလည်အောင် စည်းရုံးဆွေးနွေး ရမှာဖြစ်ကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ ကျေးရွာ တောင်သူများ အနေဖြင့်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးက မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့အတွင်းရှိ စီမံကိန်း ကျေးရွာသုံးရွာအတွက် ဆောင်းမြေပဲမျိုးနှင့် သွင်းအားစုဓါတ်မြေဩဇာများအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်းတွင်းကြီးမြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာနှစ်ရွာအတွက် ဆောင်းမြေပဲမျိုးနှင့် သွင်းအားစုဓါတ်မြေဩဇာများအားလည်းကောင်း အသီးသီးပေးအပ်ပြီးနောက် ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်