Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


02 Sep,2025

မအူပင် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအား မအူပင်မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အစည်းအဝေးစည်းကမ်းများအား ဖတ်ကြားပြီး မအူပင်ခရိုင်အစိုးရ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌဒေါ်လဲ့ယဉ်အေးမှ အဖွင့်အမှာစကားပြောကြားသည်။  ဆက်လက်၍ မအူပင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်စင်မှ အသင်းဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားပြီး မအူပင်မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးတင်ဝင်းမှ အမှာစကားပြောကြားသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား ဒါရိုက်တာအဖွဲ့အတွင်းရေးမှူး ဦးအောင်တင်ညွန့်မှလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသင်းသားစာရင်းစစ် အစီရင်ခံစာအား အသင်းစာရင်းစစ်အဖွဲ့ ခေါင်းဆောင် ဦးသိန်းထွန်းဦးမှလည်းကောင်း ဖတ်ကြား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် အသင်းကိုယ်စားလှယ်များ၏ အကြံပြုချက်များ အပေါ်တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး ဒါရိုက်တာ အဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အသင်းစာရင်းစစ် အစီရင်ခံစာများအား အသင်းဝင် ကိုယ်စားလှယ်များမှ အတည်ပြုလက်ခံခဲ့ကြသည်။

အဆိုပါ အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ မအူပင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်စင်၊ မအူပင်ခရိုင် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ ဒေါ်လဲ့ယဉ်အေးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ မအူပင်မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မအူပင်ခရိုင်အတွင်းရှိအသင်းဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အသင်းသားများထံသို့ အစုပေါ်အမြတ်ငွေ (၃၆၆၀၀၀ဝိ/-)ကျပ်အား တာဝန်ရှိသူများမှ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်