Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်မြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ မိုးနှောင်းဝါသီးနှံစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


04 Sep,2025

ပြည် စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ မိုးနှောင်း ဝါသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြား‌ရေးမှူး ဒေါ်ဝင်းဝင်းအေး၊ သမဝါယမဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပြည်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ ပြည်မြို့နယ်သမဝါယမအသင်းစုအစီအစဉ်ဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှင့်ညီမျှသော Raka 666(BT) မျိုးနှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်သည့် အခြေခံ သမဝါယမအသင်းသားတောင်သူ(၅၆၅)ဦး၏ မိုးနှောင်းဝါသီးနှံစိုက်ပျိုးဧက ၂၇၀၀ အနက် အုတ်ဆွဲအုပ်စု ဝန်တင်ဆိပ်ကျေးရွာရှိ "ဝန်တင်ဆိပ်" စိုက်/ထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ၇၄ ဦး၏ စိုက်ဧက ၂၄၀ Raka 666(BT)မိုးနှောင်းဝါစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်