Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆီဆိုင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု


08 Sep,2025

ဆီဆိုင် စက်တင်ဘာ ၇

                  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက စက်တင်ဘာ ၆ ရက် ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

လမ်းညွှန်မှာကြား

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တံတားတည်ဆောက်ရေး အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမောင်ဆွေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ဆီဆိုင်မြို့နယ် တာဝန်ခံတို့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ်သန်း ၃၅၀ ဖြင့် ဆောင်ရွက်သည့် ဆီဆိုင်မြို့နယ် ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင်လမ်းပေါ်ရှိ ပေ ၂၀ဝ၊ သံကူကွန်ကရစ်တံတား (ပထမပိုင်း) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်