နေပြည်တော် စက်တင်ဘာ ၁၀
သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် အသိပညာပေး မွမ်းမံသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၆ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ Online မှ တက်ရောက်သည့် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်နှင့် အသင်းစုတို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ (၄၄၇) ဦး တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် သမဝါယမ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် သမဝါယမ အသင်းများမှ တာဝန်ရှိသူများအား စီမံကိန်းသီးနှံများဖြစ်သည့် စပါး၊ ဝါ၊ မြေပဲ၊ နေကြာ စိုက်ပျိုး သည့်အခါ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဦးတည်ဆောင်ရွက်ရန်၊ ပြန်လည်ပြင်ဆင်သည့် သမဝါ ယမအသင်းဥပဒေများနှင့်အညီ သမဝါယမအသင်းများ ပြန်လည်ဖွဲ့စည်းရာတွင် BOD အဖွဲ့များ၊ အသင်းသားများကို စနစ်တကျဖွဲ့စည်း ဆောင်ရွက်တတ်စေရန်၊ သမဝါယမအသင်းအဆင့်ဆင့်တွင် အမှုဆောင်အဖွဲ့ အလွှဲအပြောင်းပြုလုပ်ရာ၌ အသင်း၏ ရင်းနှီးပစ္စည်းများ၊ ငွေလက်ကျန်၊ ဘဏ် လက်ကျန်များ၊ စာရင်းဇယားများ၊ အစည်းအဝေးမှတ်တမ်းများကို သက်ဆိုင်ရာအသင်း၏ အသင်း စာရင်းစစ်ဖြင့် အရင်စစ်ဆေးပြီး ယခင်အမှုဆောင်အဖွဲ့မှအတည်ပြု၍ ဌာနမှထပ်မံစစ်ဆေးအတည် ပြုကာ လွှဲပြောင်းလက်ခံသည့် အမှုဆောင်အဖွဲ့အသစ်မှ စိစစ်လက်ခံနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊
သမဝါယမကဏ္ဍမှ နွေစပါး၊ မိုးစပါး သီးနှံစိုက်ပျိုးရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာတွင် လုပ်ငန်းတိုးတက်မှုရှိသော်လည်း ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်း မရောက် ရှိသေးသည့်အတွက် ၂၀၂၄-၂၀၂၅ နွေစပါးနှင့် ၂၀၂၅-၂၀၂၆ မိုးစပါးစီမံကိန်းများတွင် ပန်းတိုင် အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုနှစ်မိုးစပါးတွင် ပန်းတိုင် ၁၀၀ ထွက်လျှင် ထွက်ရှိပမာဏတိုးလာမည်ဖြစ်သည့်အတွက် တိုင်းနှင့်ပြည်နယ်များက တာဝန်ရှိသူ များအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရန် စိုက်ပျိုးသည့်အခါတွင်လည်း တချိန်တည်း တပြိုင်တည်း စိုက်ပျိုးရန်လိုကြောင်း၊ ထိုမှသာ ရိတ်သိမ်းချိန်လည်း တူညီမည်ဖြစ်ကြောင်း၊ အဓိကသီးနှံများ အတွက် သက်တမ်းအလိုက် လိုအပ်သည့် သွင်းအားစုဓါတ်မြေဩဇာများကို မြေပြင်ချိန်၊ အပင်ပွားစီး ချိန်၊ မှိုကပ်ချိန်၊ အလံရွက်ထွက်ချိန် စသဖြင့် လိုအပ်သည့် ကာလအခြေအနေပေါ် မူတည်၍ သတ်မှတ်ရက်အတိုင်း အာဟာရကျွေးရကြောင်း၊ အခြားသီးနှံများကိုလည်း သတ်မှတ်ထားသည့် အချိန်ကာလတွင် သတ်မှတ်စံနှုန်းများအတိုင်း မပျက်မကွက် ထည့်သွင်းပေးရန် လိုအပ်ကြောင်း၊ သို့မှသာ အထွက်နှုန်းတိုးတက်မည်ဖြစ်သည့်အတွက် ကြီးကြပ်ဆောင်ရွက်ရန် လိုကြောင်း၊
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဝါစိုက်ပျိုးရေးစီမံကိန်း၌ နေပြည်တော်၊ ပဲခူး၊ မကွေးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် မိုးကြိုဝါ၊ မိုးနှောင်းဝါ ၉ သောင်း စိုက်ပျိုးရန်လျာထားမှုအပေါ် လျာထားဧက ပြည့်မီအောင်နှင့် ယခင်နှစ်ကထွက်ရှိသည့် အထွက်နှုန်းထက် ပြည့်မီကျော်လွန်အောင် ကြီးကြပ် ဆောင်ရွက်သွားရန် လိုကြောင်း၊ အထွက်တိုးမျိုးဖြစ်သည့် TBL-195/Raka-Bt ၊ B-31 စသည့် ဝါမျိုးများကိုသာ စိုက်ပျိုးရန် ညွှန်ကြားထားပြီးဖြစ်သည့်အတွက် ဝါစိုက်ပျိုးမည့် သမဝါယမအသင်း များအတွက် အထွက်တိုးမျိုး လိုအပ်ချက်ကို သက်ဆိုင်ရာကုမ္ပဏီများနှင့် စပ်မျိုး ဖြန့်ဖြူးပေးသွား ရန်၊ မိမိတို့တိုင်းအစီအစဉ်နှင့် မှာယူဖြန့်ဖြူးထားသည့် ဝါမျိုးများသည် အထွက်နှုန်းလျော့ကျစေမည့် ယခင်နှစ်စိုက်ပျိုးပြီး ပြန်ထွက်သည့် မျိုးများမဖြစ်ရန် ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ နေကြာစီမံကိန်းကို ယခင်နှစ်ကဆောင်ရွက်သည့် တိုင်းနှင့် ပြည်နယ်များအနက် ရှမ်းပြည်နယ်က နေကြာအထွက်နှုန်း ကောင်းမွန်သည်ကို သိရှိရ၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ရှမ်းပြည်နယ်၌ နေကြာအပြင် မြေပဲစိုက်ပျိုးထွက်ရှိသည့် နေပြည်တော်၊ ကချင်၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းများတွင်လည်း မြေပဲစိုက်ပျိုးရေးစီမံကိန်းကို တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်သည့်အတွက် အထွက်တိုး မြေပဲမျိုးစိုက်ပျိုးသည့် တောင်သူများကို စည်းရုံး၍ သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်သွားရန်၊ အထွက်တိုးမျိုးမြေပဲများကို သက်ဆိုင်ရာ တိုင်းအစီအစဉ်နှင့် ကြိုတင်ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သွင်းအားစု လိုအပ်ချက်များကို ပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ အသင်းသားတောင်သူများမှ ထွက်ရှိသည့် သီးနှံများ ကိုလည်း အသင်းအချင်းချင်း ချိတ်ဆက်ဝယ်ယူဖြန့်ဖြူး၍ သက်ဆိုင်ရာကုမ္ပဏီများနှင့်ချိတ်ဆက် ကာ ကာလပေါက်ဈေးနှင့်ဝယ်ယူနိုင်ရေးကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊
တိုင်းဒေသကြီး/ပြည်နယ်များမှ ဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေး သမဝါယမအသင်းများ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းမလုပ်သည့် အသင်းသားများကို ထည့်သွင်းခြင်းမပြုဘဲ အမှန် တကယ် ဆောင်ရွက်လိုသည့် အသင်းသားများကိုသာ စုစည်းပြီး သမဝါယမအသင်းများ ပြန်လည် ပြုပြင်ဖွဲ့စည်းရန်၊ မျိုးစေ့ထုတ်သမဝါယမအသင်းများ ဆက်လက်ဖွဲ့စည်းပြီး အရည်အသွေးကောင်း သည့် မျိုးစေ့များထွက်ရှိအောင် ဆောင်ရွက်ရန်၊ သမဝါယမအသင်းအချင်းချင်း ချိတ်ဆက် ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် မွေးမြူရေးနှင့်ပတ်သက်၍ အသင်းသားတောင် သူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်စေရန်နှင့် တိုးမြှင့်လာသော လူဦးရေအတွက် စားရေရိက္ခာဖူလုံစေ ရေးနှင့် အာဟာရဓါတ်ပြည့်ဝစေရေးသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် နို့စားနွား၊ အသားစားနွားများ မွေးမြူနိုင်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆိတ်၊ ဝက်၊ ကြက် မွေးမြူရေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ အခြေခံအသင်း၊ မြို့နယ်အသင်းစု၊ အသင်းစုချုပ်များတွင် ဆောင်ရွက်နေသည့် ဆန်စက်၊ ဆီစက်နှင့် သဘာဝမြေဩဇာစက်ရုံများအပါအဝင် ဝါကြိတ်စက်လုပ်ငန်းများကို ရပ်ဆိုင်းမှုမရှိစေရန် စဉ်ဆက် မပြတ် လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် Function ဖြစ်နေစေရေး သက်ဆိုင်ရာ တိုင်း/ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များက တာဝန်ယူကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
အသင်းပိုင်မြေများကိုလည်း သင့်လျှော်သောဈေးနှင့် အသင်းအချင်းချင်း လွှဲပြောင်းဝယ်ယူ ခြင်း၊ ကုမ္ပဏီများနှင့်ချိတ်ဆက်ရောင်းချ၍ ရောင်းရငွေကို ၎င်းကုမ္ပဏီ၏လုပ်ငန်းတွင် ရှယ်ယာ ထည့်ဝင်ဆောင်ရွက်ခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းများအပြင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ပေး၍ Value Added များ ပြုလုပ်ကာ ဝင်ငွေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံ ကိန်း)နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် ညွှန်ကြားစာများ၊ စီမံချက်များအပြင် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် ကြရန်၊ ချမှတ်ထားသည့် ဇယားပုံစံများအတိုင်း ပုံမှန်ဖြည့်သွင်းဆောင်ရွက်သွားရန်၊ ပံ့ပိုးငွေများ ဆုံးရှုံးမှုမရှိစေရန် အသင်းအကျိုး၊ အသင်းသားအကျိုး တိုးတက်မှုအခြေအနေများကို သိရှိနိုင်စေရန် ဦးစီးဌာနနှင့် အသင်းစုချုပ်တို့ ပူးပေါင်းဆောင်ရွက်ကြရန်၊ တိုင်းနှင့်ပြည်နယ်ဦးစီးဌာနများကလည်း အောင်မြင်အောင် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ကြပြီး သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ် ကြီးကြပ် တာဝန်ခံများကလည်း စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊
သင်တန်းသားများအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်ဖြစ် သည့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သင်တန်းက ပို့ချဝေမျှပေးလိုက်သော အသိပညာများနှင့် မိမိတာဝန်ယူဆောင်ရွက်နေသည့် တိုင်းနှင့်ပြည်နယ်၊ မြို့နယ်အသီးသီးမှာရှိသည့် သမဝါယမအသင်းများ စနစ်တကျ ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်