Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးနှင့် မြေပဲစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် အထွက်တိုး မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


15 Sep,2025

နေပြည်တော် စက်တင်ဘာ ၁၅

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆီထွက်သီးနှံစိုက်ပျိုးရေးစီမံကိန်း မြေပဲစိုက်တောင်သူများသို့ အထွက်တိုး မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေ သကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပ ပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ မြန်အောင်၊ အင်္ဂပူ၊ ညောင်တုန်းမြို့နယ်တို့မှ သမဝါယမအသင်း သားတောင်သူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ တင်သွင်းမှုလျော့ချရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်ချက်နှင့်အညီ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခမ်းအနားတွင် မြန်အောင်၊ အင်္ဂပူ၊ ညောင်တုန်းမြို့နယ်တို့မှ မြေပဲစိုက်သမဝါယမအသင်း (၂၁) သင်း၏ စိုက်ဧက (၄၅၀) အတွက် (၁) ဧကလျှင် ငွေကျပ် (၃) သိန်းနှင့် ညီမျှသော အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေးနှင့် သမဝါယမချေးငွေများ၊ မြစိမ်းရောင်(ဆီထွက်သီးနှံနေကြာ) စီမံကိန်း ချေးငွေ၊ သက်တံ့ရောင်စီမံကိန်းချေးငွေများကို သက်သာသောအတိုးနှုန်း၊ သီးနှံပေါ်ပေးစနစ်တို့ဖြင့် အထွက်တိုး မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက် ရှိကြောင်း၊ တာဝန်ရှိသူများကလည်း မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများမှ တောင်သူများ နားလည်အောင် စည်းရုံးရှင်းလင်း ဆွေးနွေးရမည်ဖြစ်ပြီး လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဧရာဝတီတိုင်းဒေသကကြီး အတွင်း ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ ရှင်းလင်းတင်ပြ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနား တက်ရောက်လာကြသော သမဝါယမ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြန်အောင်၊ အင်္ဂပူ၊ ညောင်တုန်းမြို့နယ် အတွင်းရှိ သမဝါယမအသင်း (၂၁) သင်း၏ စိုက်ဧက (၄၅၀) အတွက် အထွက်တိုး မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အတူ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာသို့ သွားရောက်ပြီး  ကျေးလက်လမ်းဖွံ့ဖြိုရေးဦးစီး ဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည် (၃) မိုင် (၂) ဖာလုံအနက် (၂) ဖာလုံခွဲ ကွကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် ပြည်ထောင်စုလမ်းမကြီးမှ စက္ကော့တောင်-အင်းမကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား အရည်အသွေးပြည့်မီ စွာအချိန်မီပြီးစီးရေး မှာကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အုန်းပင်စုစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း ဒေသကြီး ဦးစီးမှူးက မြစ်ဝကျွန်းပေါ်ဒေသတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းဖြင့် ကျေးရွာကော်မတီများ ဖွဲ့စည်းခြင်း၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း၊ ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ရေရှိရေး၊ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စီမံကိန်းရန်ပုံငွေများ ထူထောင်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ် ပေးခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့်် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းကို ဘဏ္ဍာနှစ်အလိုက် ထူထောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များ စဉ်ဆက်မပြတ်တိုးတက်ရေးအ တွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် ယခု ကျေးရွာ၏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သဖြင့် အကျိုးများစွာဖြစ်ထွန်းပါကြောင်း နှင့် ဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ပြီး စီမံကိန်းအမှတ်တရ ကံကော်ပင်များ စိုက်ပျိုး ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ အိမ်သွယ်ရေတိုင်စနစ်ဖြင့် ကျေးရွာရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ မူလတန်းကျောင်း သောက်ရေသန့် ရရှိရေး တင်ပြချက်ကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါကျေးရွာတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်နည်းပညာသင်တန်း တက်ရောက်အောင်မြင်ပြီး မွမ်းမံစက်ချုပ်နည်းပညာသင်တန်း တက်ရောက်နေကြသော သင်တန်း သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး တစ်ပိုင်တစ်နိုင် စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင် နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသအခြေခံ အိမ်ထောင်စုများ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်း (SEP) ရန်ပုံငွေဖြင့် ကြက်မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် Green House, Net House စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့တော်ခန်းမတွင် ကျင်းပပြုလုပ် သော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးရခြင်း၏ ရည်ရွယ်ချက်မှာ တောင်သူများ ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ရန်၊ ငွေကြေး အရင်းအနှီး ချက်ချင်းမပေးနိုင်သည့် တောင်သူများ သုံးစွဲနိုင်ရန် ဖြစ်ကြောင်း၊ သွင်းအားစုများ သုံးစွဲနိုင်မှ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိမှာဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိမှာသာ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာ ဖြစ်ကြောင်း၊ သီးနှံပေါ်ပေး စနစ်ဖြင့် သွင်းအားစုများထောက်ပံ့ရာတွင် ယခုစီမံကိန်းဖြင့် ဖြန့်ဝေသောဈေးနှုန်းမှာ ယူရီးယား တစ်အိတ်လျှင် ရန်ကုန် အထိုင်ဈေးနှုန်း ငွေကျပ် ၈၉၅၀၀ နှင့် ကွန်ပေါင်းတစ်အိတ်လျှင် ရန်ကုန် အထိုင်ဈေးနှုန်း ငွေကျပ် ၁၂၀၀၀၀ ဖြစ်ပါကြောင်း၊ ရန်ကုန်မှ သယ်ယူစရိတ်နှင့် သတ်မှတ်ကုန်ကျ စရိတ်များအပါအဝင် ယူရီးယားနှင့် ကွန်ပေါင်းတစ်အိတ်လျှင် တောင်သူများ လက်ဝယ်အရောက် ပြင်ပဈေးထက် ငွေကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ သက်သာနိုင်မှာဖြစ်ကြောင်း၊ ပြင်ပဆိုင်များတွင် သီးနှံပေါ်ပေးစနစ်ဖြင့် ဝယ်ယူပါက ပိုမိုကျသင့်မှာဖြစ်ကြောင်း၊ သွင်းအားစုဓါတ်မြေဩဇာများ သုံးစွဲရာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များကို စနစ်တကျ မှန်ကန်အောင်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ သွင်းအားစုများ မှန်မှန်ကန်ကန် အသုံးပြုနိုင်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိမည်ဖြစ်ပြီး သတ်မှတ် ပန်းတိုင်အထွက်နှုန်း ရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုး မြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်း စနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စေတနာထားပြီး တောင်သူများအား စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ၍ အသိပညာပေး ပြောကြား နေရန် လိုအပ်ကြောင်း၊ သီးနှံပေါ်ပါက သွင်းအားစု တန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင် ချေးငွေများကို သတ်မှတ်ရက် အပြီးပြန်ဆပ်ရန် လိုအပ်ကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေ သကြီးအတွင်း သွင်းအားစုမြေဩဇာ ဖြန့်ဖြူးပြီးစီးမှု၊ နည်းပညာပေးမှု၊ ပြန်လည်ကောက်ယူမည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၀) မှ တောင်သူများ၏ စိုက်ဧက (၃၄၇၄၆) ဧက အတွက် ၁၅ ပတ်လည် ကွန်ပေါင်း (၁၁၉၀၁) အိတ်နှင့် ယူရီးယားဓာတ်မြေဩဇာ (၉၉၁၂) အိတ် တို့ကို ပေးအပ်ခဲ့ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု (၃၀)မှ တောင်သူများ စုစုပေါင်း (၃၂၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်