Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေး


16 Sep,2025

၂၀၂၅ ခုနှစ်၊ 
စက်တင်ဘာလ (၃ )ရက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် (၃.၉.၂၀၂၅) ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လာ‌ေရာက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးအား ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား ၊ စီမံဌာနများမှ ဌာနမှူးများက ကြိုဆိုခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဆောက်အဦများကို ယခုစာသင်နှစ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိပြီးစီးမှု အခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှု၊ ဝန်ထမ်းများ နေရာချထားမှုနှင့် ရုံးခန်းများ နေရာချထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  စာသင်ဆောင် T2 ရှိ စာသင်ခန်း T2-102 တွင် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုနောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် အရေးကြီးပါကြောင်းနှင့် ယနေ့ကာလတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ၏ တိုးတက်ဖွံ့ဖြိုးလာသည့် အခြေအနေမှန်များကို နားလည်သဘောပေါက်ရန်တို့ကို ရှင်းလင်းပြောကြားပေးပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန် မှာကြားလိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် တတ်မြောက်စေရေး၊ စွမ်းရည်များ ပြည့်ဝစေရေးအတွက် ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ တက္ကသိုလ်မှ ကျောင်းဆင်းပြီး ဘွဲ့ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသား၊သူများ ဘွဲ့ရရှိပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းတို့အား မှာကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျောင်းအဆောက်အဦများ ပြုပြင်ပြီးစီးမှု အခြေအနေများကို လိုက်လံစစ်ဆေးပြီး ကွန်ပျူတာလက်တွေ့စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပြီးနောက် တက္ကသိုလ်ရှိ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ နေ့လည် (၁၂း၀၀)နာရီတွင် တက္ကသိုလ်မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်