Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ


16 Sep,2025

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၉.၉.၂၀၂၅)ရက်နေ့ နံနက်ပိုင်း (၁၀း၀၀)နာရီအချိန်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယ ပူဇော်ပွဲအခမ်းအနားကို တက္ကသိုလ်ရှိ တိ‌လောကမာရဇိန်ဘုရား၊ အောင်သိဒ္ဓိဓမ္မာရုံ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး) များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ကထိက(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများနှင့် ပထမနှစ်ကျောင်းသား/ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ များမှ ပါမောက္ခချုပ်နှင့်တကွ ဆရာကြီး၊ ဆရာမကြီးတို့အား လက်ဆယ်ဖြာထိပ်မှာမိုး၍ ကန်တော့ချိုးဖြင့် ကန်တော့ပြီးနောက် ဂါဝရပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်မှ ဆုပေးသြဝါဒ ပြောကြားရာတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနန္တောအနန္တ ငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “ပူဇာစပူဇနေယျာနံ” ဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ပူဇော်ထိုက်သူ ဆရာ၊ဆရာမများကို ပူဇော်ကန်တော့ခွင့်ရရှိသည့်အတွက် ယနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့ရက်ဖြစ်ပါကြောင်း၊ မိမိတို့ တက္ကသိုလ်သည် စီးပွားရေးပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည်နှင့်အညီ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသော စီးပွားရေးပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိဘဆရာသမားများ၏ ဆုံးမဩဝါဒစကားများကို မှတ်သားလိုက်နာကြစေလိုပါကြောင်း၊ စည်းကမ်းပြည့်ဝပြီး လိမ္မာရေးခြားရှိသော ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြိုးစားနေထိုင်ကြစေလိုပါကြောင်း၊ စာမေးပွဲနီးကပ်လာပြီဖြစ်ပါသဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်စေလိုပါကြောင်း၊ စာမေးပွဲကိုလည်း ရိုးသားကြိုးစားစွာဖြင့် အမှတ်ကောင်းကောင်းနှင့် အောင်မြင်အောင် ဖြေဆိုကြစေလိုပါကြောင်း၊ စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် ဖြေဆိုအောင်မြင်မှသာလျှင် ဒုတိယနှစ်တွင် မိမိတို့ ဆန္ဒရှိသော အထူးပြုမေဂျာများကို ရွေးချယ်၍ ပညာဆက်လက်ဆည်းပူးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကန်တော့ရခြင်းအကျိုးကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒများ တလုံးတဝတည်း ပြည့်စုံကြပါစေ၊ တက္ကသိုလ်၏ ဂုဏ်ကိုဆောင်၍ နိုင်ငံတော်မှ အားကိုးအားထားရသော ထူးချွန် ထက်မြက်သည့် သားကောင်း၊ သမီးကောင်းများ ဖြစ်ကြပါစေဟု ဆုမွန်ချွေခဲ့ပြီးနောက် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့မှလည်း ဆုပေးသြဝါဒစကား အသီးသီး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ပါမောက္ခချုပ်နှင့်တကွ ဆရာကြီး၊ ဆရာမကြီးများအား ရေခဲမုန့်၊ အချိုပွဲများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်