သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အဆောင်နာယကများ၊ မော်ကွန်းထိန်းနှင့် အဆောင်မှူးများသည် မြတ်လူမွန်အမျိုးသားဆောင်၊ အားကစားရုံ(ယာယီ ကျောင်းသားအိပ်ဆောင်)၊ မြမဉ္ဇူအမျိုးသမီးအဆောင်နှင့် မြစံပယ်အမျိုးသမီးဆောင်များသို့ (၁၂.၉.၂၀၂၅)ရက်နေ့ ညနေ(၅:၀၀) နာရီတွင် Hall Visit သွားရောက်ခဲ့ကြပါသည်။
ထို့နောက် ပါမောက္ခချုပ်မှ အဆောင်နေ ကျောင်းသား/သူများအား စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်၊ ချစ်ချစ်ခင်ခင်နှင့်စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်နှင့် အဆောင်စည်းကမ်းများကို လိုက်နာကြရန် အမှာစကားပြောကြားခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် အဆောင်နာယကများမှ အဆောင်နေကျောင်းသား၊ကျောင်းသူများကို စာမေးပွဲကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် အာဟာရစားသောက်ဖွယ်ရာများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်