Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာအဝင် (စံပ္ပာယ်)လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


15 Sep,2025

မုဒုံ စက်တင်ဘာ ၁၂

          မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တံခွန်တိုင်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်က ကွင်းဆင်းစစ်ဆေးသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိ သူများက စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါလမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေပေါင်း ၁၂၆၀ နှင့် အကျိုးပြုလူဦးရေ ၅၃၂၃ ဦးတို့ ရာသီမရွေးသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်