Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်


15 Sep,2025

ဘားအံ စက်တင်ဘာ ၁၃

      ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အိန္ဒု -ဇာသပြင်လမ်းမှ ကော့တာမွန် ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

     ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၆၈ ဒသမ ၁၈၀ သန်းဖြင့် လမ်းအရှည် ၁ ဒသမ ၁၀၆ ကီလိုမီတာ၊ အကျယ် ၄ ဒသမ ၂၇ မီတာ၊ ဒု ၃၂၅ မီလီမီတာရှိ အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန် ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ငွေစင်ဆန်းသစ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ဘားအံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဝင်းဝင်းခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်