Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒက္ခိဏသီရိမြိုနယ်၊ ရွာသစ်စိုက်ပျိုးရေးနှင့်ထွေထွေစီးပွားရေးသမဝါယမအသင်းရှိ မြေပဲသီးနှံစိုက်ပျိုးမည့် အသင်းသားတောင်သူများနှင့်တွေ့ဆုံ


16 Sep,2025

နေပြည်တော်  စက်တင်ဘာလ  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ KC ခန်းမတွင် ဆောင်းမြေပဲသီးနှံစိုက်ပျိုး ဆောင်ရွက်မည့် ရွာသစ်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းရှိ အသင်းသားတောင်သူ များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံံပွဲတွင် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က ယခုနှစ် ဆောင်းမြေပဲသီးနှံစိုက်ပျိုး ဆောင်ရွက်မည့် အသင်းသားတောင်သူများ၏ စိုက်ဧက(၅၀)ဧကကျော်အတွက် လိုအပ်သည့် သွင်းအားစုများကို အချိန်မီရရှိရေး ချိတ်ဆက်ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းသီးနှံများအား နိုင်ငံတော်ထောက်ပံ့ ငွေများဖြင့် ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် အသင်းသားတောင်သူများမှ သီးနှံပေါ်ချိန်တွင် သွင်းအားစုတန်ဖိုးငွေများကို မှန်မှန်ကန်ကန်ဖြင့် ပြန်လည်ပေးဆပ်ရန်လိုကြောင်း၊ အထွက်တိုးမျိုးများ ပြောင်းလဲစိုက်ပျိုးရန်လိုပြီး သွင်းအားစုများကိုလည်း နည်းစနစ်မှန်ကန်စွာ အသုံးပြုစေလိုကြောင်း၊ သွင်းအားစုများ အတွက် နိုင်ငံတော်မှဘဏ္ဍာမှ အရင်းမပျောက် မတည်ငွေအဖြစ် ပံ့ပိုးရရှိသည့်အသင်းအနေဖြင့် မိမိအသင်း ဖွံ့ဖြိုးတက်လာစေရေးရန်အတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ သတ်မှတ်ကာလအတွင်း အကျိုး အမြတ်များရရှိလာပါက အသင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသင်းသားမိသားစု များ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအဝဝတို့တွင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အသင်းအမှုဆောင် အဖွဲ့မှလည်း အသင်း၏စာရင်းဇယာများကို မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်း သီးနှံများ ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းရရှိစေရေးနှင့် နိုင်ငံ့တော်ဘဏ္ဍာရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေးတို့ အတွက် ဦးစီးဌာနကြီးကြပ်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်