Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်လှစ်


16 Sep,2025

ပြင်ဦးလွင်၊ စက်တင်ဘာ ၁၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သင်တန်းနည်းပြများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနတွင် လုပ်ငန်းမှတ်ပုံတင်ထားသော လုပ်ငန်းရှင်များ တက်ရောက်ကြရာ ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

          အဆိုပါ သင်တန်းတွင်  ဒီဂျစ်တယ်နည်းပညာဆိုင်ရာဗဟုသုတများ၊ Online Registration အကြောင်းသိကောင်းစရာများ၊ Cyber Security နှင့်ပက်သက်သောအကြောင်းအရာများ၊ SSID e-Commerce website ဝင်‌ရောက်အသုံးပြုပုံ၊ Food Safety နှင့် Online Sale မှတ်ပုံတင်ခြင်း အကြောင်းအရာ သင်ခန်းစာတို့ကို သင်ကြားပို့ချဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်