Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပ


17 Sep,2025

နေပြည်တော်၊ မေ ၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်သက် (၁၈)နှစ်၊ (၇)လတာကာလတစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် လုပ်သက် (၁၈)နှစ်၊ (၉)လတ ကာလ တစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ညွှန်ကြားရေးမှူး ဦးဝင်မော်တို့အား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် သက်ပြည့် အငြိမ်းစားယူမည့် ဝန်ထမ်းများဖြစ်သော ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ညွှန်ကြားရေးမှူး ဦးဝင်းမော်တို့ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် စီမံခန့်ခွဲရေးဌာနခွဲ ညွှန်ကြားရေးမှူးက သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းများဖြစ်သော ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ညွှန်ကြားရေးမှူး ဦးဝင်းမော်တို့၏ တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းများအား ဖတ်ကြားတင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းတစ်ဦးအနေဖြင့် သက်ပြည့်အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းအား ဂုဏ်ယူပါကြောင်း၊ ကျန်ရှိသော ဝန်ထမ်းများအနေဖြင့်လည်း သက်ပြည့်တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ သက်ပြည့်အငြိမ်းစားယူခြင်းသည် အောင်မြင်သော လမ်းခွဲခြင်း ဖြစ်ပါ ကြောင်းစသည်ဖြင့် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ညွှန်ကြားရေးမှူး ဦးဝင်းမော်တို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် အမှတ် တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ တာဝန် ရှိသူများက သက်ပြည့်အငြိမ်းစားယူမည့် ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ညွှန်ကြားရေးမှူး ဦးဝင်းမော်တို့အား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြပြီး ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ညွှန်ကြားရေးမှူး ဦးဝင်းမော်တို့က အမှတ်တရနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်