Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း


18 Sep,2025

ပွင့်ဖြူမြို့နယ် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း

‎ပွင့်ဖြူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းအား DCP တိုင်းတာခြင်းနှင့် Sand Cone Test ဆောင်ရွက်ခြင်းများ ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှမြေပြင်ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရှိရသည်။ 
ထိုသို့ မြေပြင်ကွင်းဆင်းကြီးကြပ်ရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်တို့က တိုင်း၊ ခရိုင်၊ မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲမြို့နယ်များမှ အင်ဂျင်နီယာများဖြင့် သမော်အင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းအား DCP တိုင်းတာခြင်းနှင့် Sand Cone Test ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေမှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်ခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်မှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ 
ပွင့်ဖြူမြို့နယ်၊ သမော်အင်းကျေးရွာ၌ အရှည် ၅ ဒသမ ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့်  ၂ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ်  ၁၀၅ ဒသမ ၇ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍  ယခုနှစ် ဇွန်လ ၁၉ ရက်နေ့မှ စတင်၍တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၇၀ % ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း မင်းဘူး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး ခင်မောင်ကျော်ထံမှ သိရသည်။
‎ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်