နေပြည်တော် စက်တင်ဘာ ၁၇
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ဆိုလာမီးအစုံ (၁၀၀) လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ တက် ရောက်သည်။
ရှေးဦးစွာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦးက လှူဒါန်းရခြင်း၏ ရည် ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး AL-HUSEINI ဆိုလာမီးအစုံ (၁၀၀) အား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လက်ခံရယူခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ အသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်