Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့ရှိ မိုးနှောင်းဝါနှင့် မိုးစပါးစိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


18 Sep,2025

မကွေး စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း) နှင့် အသင်းပိုင်ငွေတို့ဖြင့် သမဝါယမကဏ္ဍမှ မိုးစပါး (၁၂၉၅၈) ဧက၊ မိုးဝါ (၅၀၀) ဧက၊ မိုးနှောင်းဝါ (၃၁၅၀၀) ဧက အကောင်အထည်ဖော်လျက်ရှိရာ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တာဝန် ရှိသူများသည် မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့ရှိ မိုးနှောင်းဝါနှင့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးသည် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး၊ ကွင်းဆင်းကြီးကြပ်တာဝန်ခံများနှင့်တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း ဆောင်းမြေပဲ လျာထားဧက (၃၀၀၀၀) ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်