Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Bakery နှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုသင်တန်းဖွင့်လှစ်


17 Sep,2025

နေပြည်တော်၊ စက်တင်ဘာ ၁၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သည့် Bakery နှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခု စီမံကိန်းသည် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကုန်ထုတ်စွမ်းအားစွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို မြှင့်တင်ပေးရန်၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ပါကြောင်း၊ ယခု စီမံကိန်းသင်တန်းမှ လုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာများကို ပေးအပ်လိုက် သော်လည်း မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ လုပ်ငန်းများကိုလည်း စည်းစနစ်တကျ စစ်ဆေးကြပ်မတ်ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အာဟာရပြည့်ဝရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ထုတ်ကုန်များ အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်၌ ဈေးသက်သက်သာသာဖြင့် ဖြန့်ဖြူးရောင်းချနိုင်အောင် လည်း ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သောသင်တန်းတွင် ဈေးကွက်ဝင် မုန့်အမျိုးမျိုး နှင့် ရေခဲမုန့်အမျိုးမျိုး ပြုလုပ်နည်း များ၊ ထုတ်ပိုးမှုဆိုင်ရာ နည်းပညာများနှင့် စးသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘာသာ ရပ်များကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်