Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု


19 Sep,2025

တနင်္သာရီ  စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ထားသည့် သမဝါယမအသင်း ၆ သင်းမှ အသင်းသားတောင်သူများ၏   မိုးစပါးသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေ အား မြိတ်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့သည်။

ဆက်လက်၍ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးသီးနှံ စိုက်ပျိုးထားရှိမှုအနက် ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲကျေးရွာရှိ “တော်ဝင်” စိုက်/ထွေသမဝါယမအသင်းမှ တောင်သူ ဦးသန်းဖေလေး၊ ဒေါ်မွန်အေး၊ ဒေါ်ခင်ကြည်တို့၏ ( GW - 11 )၊ မှော်ဘီ(၃)စပါးမျိုးဖြင့် စိုက်ပျိုးထား သည့်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး ကြိုတင်သတိပြုရန်နှင့် လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်