နေပြည်တော် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက် သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းသားတောင်သူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက် ကြသည်။
ရှေးဦးစွာ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံ နေကြာစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများသို့ မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးမည့် အခြေအနေအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ တင်သွင်းမှု လျော့ချရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်ချက်နှင့်အညီ မိမိတို့ ဝန်ကြီးဌာနရှိ သမဝါယမဦးစီးဌာနက သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးလျက်ရှိပြီး ယခုအခမ်းအနားတွင် တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်တို့မှ နေကြာစိုက်သမဝါယမအသင်း (၂၅) သင်း၏ စိုက်ဧက (၅၀၀၀) အတွက် (၁) ဧကလျှင် ငွေကျပ် (၃) သိန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထွက်ရှိသောသီးနှံများ ဈေးကွက်ရရှိရေးနှင့် သမဝါယမ ချေးငွေများ၊ မြစိမ်းရောင်(ဆီထွက်သီးနှံနေကြာ) စီမံကိန်းချေးငွေ၊ သက်တံ့ရောင်စီမံကိန်းချေးငွေ များကို သက်သာသောအတိုးနှုန်းဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ တာဝန်ရှိသူ များကလည်း မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာ တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့် နည်းပညာများ၊ ဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးသည့်အခါတွင်လည်း မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်နည်းစနစ် (၄) မျိုးနှင့်အညီ စိုက်ပျိုးကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အခမ်းအနား တက်ရောက်လာကြသော သမဝါယမ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ နေကြာစိုက် သမဝါယမအသင်း (၂၅) သင်း၏ စိုက်ဧက (၅၀၀၀) အတွက် ငွေကျပ်သန်းပေါင်း (၁,၅၀၀) တန်ဖိုးရှိ အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ Jetty လှေဆိပ်မှတဆင့် အင်းလေးဒေသ၊ အင်းပေါခုံခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်၍ မြစင်္ကြာ ရက်ကန်းလုပ်ငန်းတွင် ကြာချည်မျှင်ထုတ်ပုံ၊ ကြာချည်ဖြင့်ရက်လုပ်သော လက်ရက်ကန်းထည်များ၊ ပိုးချည်ဖြင့် ရက်လုပ်သော လက်ရက်ကန်းထည်များနှင့် ရက်ကန်းထည်ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ တက် ရောက်ခဲ့ရာ ပြည်နယ်ဦးစီးမှူးက မန္တလေးငလျင်ဘေးသင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ကျေးရွာများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သော ရေရရှိရေးဆောင်ရွက်ခဲ့မှု၊ အမိုးအကာရရှိရေး ဆောင်ရွက်ခဲ့မှု၊ အခြားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှုနှင့် အင်းပေါခုံခေတ်မီ စံပြကျေးရွာ (Smart Village) စီမံကိန်းအတွက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ထိ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုများ ကူညီထောက်ပံ့ ခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးမြင့်မားရေး၊ အသင်းအဖွဲ့များ ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနတွင် ဦးစီးဌာန (၄) ခုရှိပြီး သမဝါယမ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ခေတ်မီစံပြ ကျေးရွာထူထောင်ရေးလုပ်ငန်းများ၊ ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးနေပါကြောင်း၊ ဝင်ငွေတိုးစီမံကိန်းဖြင့် ဖွင့်လှစ်ပေးလျက်ရှိသော သင်တန်းများ တက်ရောက်အောင်မြင်ပြီးသူများအနက် သင်တန်းအလိုက် ထူးချွန်သူ(၅)ဦး ရွေးချယ် ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်ရန် လိုအပ်သည့် အရင်းအနှီး၊ စက်ပစ္စည်း နှင့် လုပ်ငန်းသုံးစက်ကိရိယာများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဘဏ္ဍာနှစ်အလိုက် ထောက်ပံ့ပေးအပ်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်းရန်ပုံငွေ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေများကို ကျေးရွာကော်မတီ၏ ဦးဆောင်မှုဖြင့် မိမိတို့ကျေးရွာ အတွက် အဓိကလိုအပ်သည့် လုပ်ငန်းများတွင် မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက်လည်း တာဝန်ရှိသူများနှင့် ကျေးရွာသူကျေးရွာသားများအားလုံး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားပြီး တက်ရောက်လာကြသော ကျေးရွာ သူကျေးရွာသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးငလျင်ဘေးဒဏ်သင့် ညောင်ရွှေမြို့နယ်မှ ကျေးရွာ (၂၉) ရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် (၄၃၅၀) သိန်း၊ ကျေးရွာ (၈) ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း (၂၀၀၀)၊ ကျေးရွာ (၁၁) ရွာအတွက် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေကျပ် သိန်း (၁၉၀၀)၊ စုစုပေါင်း ကျေးရွာ (၄၈) ရွာအတွက် စုစုပေါင်း ရန်ပုံငွေကျပ် သိန်း (၈,၂၅၀) ကို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြရာ ကျေးရွာအလိုက် ကော်မတီဝင်များက လက်ခံရယူခဲ့ကြပြီး ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူပေါင်းဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝဆိုးဆေးနည်းပညာသင်တန်း တက် ရောက် အောင်မြင်ခဲ့သော သင်တန်းသူ (၂၁) ဦးနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ သင်တန်း ဆင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရတနာစံကျောင်းတော်ကြီး၌ ကိန်းဝပ်စံပယ် တော်မူနေသော အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညို ကန်တော့ကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းနှင့် ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး မန္တလေးငလျင်ကြီးကြောင့် စေတီတော်မြတ်ကြီး ထိခိုက်မှုများအား ပြန်လည်ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တောင်ကြီးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ် ကြီး၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများအနေဖြင့် စိတ်ဓာတ်ခံယူချက်ကောင်းရန်၊ ရည်မှန်းချက်ထားရန် သမဝါယမကောလိပ် (ဖောင်ကြီးနှင့်မန္တလေး)၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း) တို့သို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရေး ကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ကြောင်း၊ ဆရာဆရာမများကလည်း တတ်အောင်သင်ကြားပေးရန်၊ သင်တန်းပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်း ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး မန္တလေး ငလျင်ဒဏ်သင့် ကျောင်းဆောင်များ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်