ရန်ကုန်၊ စက်တင်ဘာ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မူးယစ်ဆေးစွဲကုသပြီး ပြန်လည်ထူထောင်မှုခံယူလျက်ရှိသည့် သင်တန်းသား(၂၀)ဦးအား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ရည်ရွယ် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဝင်ငွေတိုးစီမံကိန်းအကြောင်းတို့အား ရှင်းလင်းပြောကြားသည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုးပြုလုပ်ခြင်း၊ ခေါင်းလျှော်ရည်ပြုလုပ်ခြင်း၊ ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်ခြင်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ်ခြင်း၊ လက်ဆေးဆပ်ပြာပြုလုပ်ခြင်း၊ ရေချိုးဆပ်ပြာပြုလုပ်ခြင်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်ခြင်းတို့ကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်အောင် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်