ဘားအံမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းအမှတ်စဉ်(၁၂)ဖွင့်လှစ်
******************************************************************************
ဘားအံ စက်တင်ဘာ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လှာကမြင်ကျေးရွာအုပ်စု၊ လှာကမြင်ကျေးရွာရှိ ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၂)ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၂)ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လှာကမြင်ကျေးရွာမှ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၂ရက်မှ နိုဝင်ဘာ ၅ရက်နေ့အထိ ၄၅ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်