Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် ရွှေကျကျေးရွာ၌ တွင်းနက်တူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ စစ်ဆေး


22 Sep,2025

ဇေယျာသီရိမြို့နယ် ရွှေကျကျေးရွာ၌ တွင်းနက်တူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ  စစ်ဆေး

************************************************************************

နေပြည်တော်   စက်တင်ဘာ     ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ရေဆင်းကျေးရွာ အုပ်စု၊ ရွှေကျကျေးရွာ၌ တွင်းနက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို စက်တင်ဘာ ၂၀ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦး၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေရရှိရေးကော်မတီဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ရွှေကျကျေးရွာ၌ တွင်းနက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရွှေကျကျေးရွာ၌  အကျယ် လေးလက်မခွဲ၊ အနက်ပေ ၄၀၀ရှိ တွင်းနက်တူး‌ဖော်ခြင်း၊ အလျား ငါးပေ၊ အနံ ငါးပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ စင်မြင့် ရေစင်တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီရန်ပုံငွေကျပ် ၅၇ ဒသမ ၁၅၂သန်း ဖြင့် Y2T ကုမ္ပဏီမှ တာဝန်ယူ၍ ယခုနှစ်  ဩဂုတ် ၇ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၄ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်