မြိတ်မြို့နယ် ကန်သာယာကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုစစ်ဆေး
*********************************
မြိတ် စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်ရန်ပုံငွေကျပ် ၆၀ ဒသမ ၃၄ သန်းဖြင့် မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုး၊ မြိတ်မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများသည် ကန်သာယာကျေးရွာ ကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၂ ဒသမ ၂၇ ဖာလုံ အကျယ် ၁၂ ပေ ဒု ၂ ပေ ၉ လက်မ မြေသားခင်းခြင်းနှင့် ရိစာခင်းခြင်း၊ အဆိုပါကုန်ထုတ်လမ်းပေါ်၌ အလျား ၄ ပေ ၉ လက်မ အနံ ၂၀ ပေ အမြင့် ၄ ပေ ၉ လက်မရှိသော Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီ ဝင်များအား ဆောင်ရွက်ပြီး ကုန်ထုတ်လမ်းတံတားများ ရေရှည်အသုံးပြုနိုင်ရေးအတွက် တန်ပိုယာဉ် များ ဖြတ်သန်းသွားလာခွင့်မပြုရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ဌာနမှ တာဝန်ယူ၍ ၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကန်သာယာ ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ လယ်ဧက ၁၅၀ တွင် စိုက်ပျိုးထားသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး စျေးကွက်သို့ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်