Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် နောင်းပုံ - ပိုးစာခြံ ကျေးရွာချင်းဆက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


23 Sep,2025

မြစ်ကြီးနား စက်တင်ဘာ ၂၂

            ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာနိုင်ရန် ရည်ရွယ်၍ နောင်းပုံကျေးရွာ၌ နောင်းပုံ- ပိုးစာခြံကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာလ ၂၂ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းဦး၊ မြစ်ကြီးနားခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မြင့်ထွန်းနှင့် တာဝန်ရှိသူများသည် နောင်းပုံကျေးရွာနှင့် ပိုးစာခြံကျေးရွာကို ဆက်သွယ်ထားသော အရှည် ၅ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၇ လက်မရှိ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

            အဆိုပါ ကျေးရွာချင်းဆက်လမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုငွေများကို အသုံးပြုကာ မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် တင်ဒါအောင်မြင်သော Jade Land Myanmar ကုမ္ပဏီမှ ယခုနှစ် ဇွန်လ ဒုတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၂၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကာရံ(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်