Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ဦးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


23 Sep,2025

ညောင်ဦး စက်တင်ဘာ ၂၂

            မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂ဝ၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

          ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ပုဂံမြို့သစ်မှ နတ်ကြိုအိုင်ကျေးရွာသွား ကတ္တရာခင်းခြင်းဆောင်ရွက်ပြီးစီးမှု၊ တောင်ရှေ့ကျေးရွာအဝင် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ တောင်ပုံဝ-လက်ဝဲလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စီသာကျေးရွာအဝင် ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုတို့ကို သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်