Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းခတ်မြို့နယ် ယန်းကျန်ကျေးရွာအဝင် သံကူကွန်ကရစ်တံတားလုပ်ငန်း ကွင်းဆင်းစစ်ဆေး


23 Sep,2025

ကျိုင်းတုံ စက်တင်ဘာ ၂၂

       ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုင်းနှုန်းကျေးရွာအုပ်စု ယန်းကျန်ကျေးရွာအဝင် သံကူကွန်ကရစ်တံတား ဆောင်ရွက်နေမှု မြေပြင်အခြေအနေများကို ယနေ့တွင် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းလင်းနှင့် မြို့နယ်တာဝန်ခံတို့က ယန်းကျန်ရွာအဝင် သံကူကွန်ကရစ်တံတား အရှည် ပေ ၅၀၊ အနံပေ ၂၀ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားနိုင်ရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ကြသည်။

      အဆိုပါ ရွာအဝင်တံတားပြီးစီးပါက အနီးပတ်ဝန်းကျင်ရှိကျေးရွာများအတွက် ဒေသထွက်ကုန်များ အချိန်မီပို့ဆောင်နိုင်ခြင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုစိုင်း


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်