Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ်၌ သမဝါယအသင်းသားများစိုက်ပျိုးသည့် မိုးသီးနှံ ဝါဂွမ်းများစတင်ကောက်ယူ


23 Sep,2025

တံတားဦး  စက်တင်ဘာ  ၂၃

တံတားဦးမြို့နယ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဝါသီးနှံ စီမံကိန်း၌ မိုးဝါနှင့် မိုးနှောင်းဝါ စုစုပေါင်း ဧက(၉၀၀)အား  အခြေခံသမဝါယမအသင်း(၉)သင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မိုးသီးနှံများဝါပွင့်များ စတင်ကောက်ယူရာတွင် ဝါဂွမ်းအရည်အသွေး ကောင်းမွန်မှုရှိပြီး ဈေးကောင်းရရှိရေးကိုလည်း မျှော်လင့်မိပါကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။

တံတားဦးမြို့နယ် ချောင်းပတ်ကျေးရွာ ကံ့ကော်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းမှ အသင်းသားတောင်သူ ဦးဆန်းအောင်၏ ဝါစိုက်ခင်းတစ်ဧကခွဲတွင် မိုးဝါသီးနှံစီမံကိန်းဝါဂွမ်းများ ခူးဆွတ်ကောက်ယူထွက်ရှိမှုအား  တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးသည်။

အဆိုပါ ဝါဂွမ်းစိုက်ခင်းမှာ ပထမအကြိမ်ကောက်ယူရာတွင် ဝါပိဿာချိန်(၁၂၈)ပိဿာ ထွက်ရှိ ကြောင်း၊ ထွက်ရှိသည့် ဝါဂွမ်းများသည် အရည်အသွေးကောင်းမွန်ပြီး   ဝါဂွမ်း(၁)ပိဿာလျှင် ငွေကျပ် ၃၀၀၀၀ ရရှိကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်