Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


23 Sep,2025

တိုက်ကြီး    စက်တင်ဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစိန်မြင့်က သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်း၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များနှင့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက သီးနှံများ၏ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က အခြေခံ သမဝါယမအသင်းများ၏ အစုပေါ်အမြတ်ငွေကျပ် ၅,၁၃၀,၀၀၀ အား အသင်းအမှုဆောင် တစ်ဦးထံ ပေးအပ်ခဲ့ပြီး မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြားခြင်းနှင့် မြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားအတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)                                                                                      

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်