Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အိမ်မဲမြို့နယ် သမဝါယမအသင်းစု (လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


23 Sep,2025

အိမ်မဲ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ၊မြို့နယ်သမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက် ဦးဇော်မင်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြို့နယ်သမဝါယမအသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှင့် အသင်း၏ လုပ်ငန်းလည်ပတ်မှုများကို အရှိန်အဟုန် ကောင်းမွန်စွာဆောင်ရွက်နိုင်ရေး ကြိုးစားပေးရန် အမှာစကား ပြောကြားပြီး အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးအောင်မင်းသိန်း က အမှာစကားများ ပြောကြားသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် ဒါရိုက်တာအဖွဲ့လုပ်ငန်း အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက် ရယူခဲ့ပါသည်။ ဆက်လက်၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ချစ်သက်လယ်

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်