ပြင်ဦးလွင် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်နှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြသည်။
အဆိုပါကျေးလက် လမ်း၊ တံတားလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်ကားရေးတို့ကိုများစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲကျော်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်