ရေနံချောင်း စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဖန်ခါးစမ်း-သန်းပင်ကုန်း- အလယ်ကန် ကျေးရွာချင်းဆက်လမ်း မြေသားတာပေါင်တင်ခြင်းနှင့် မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာ ၂၂ ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ(မြို့ပြ) ဒေါ်သီရိဖြိုးဝေဝင့်နှင့် တာဝန်ရှိသူများက ဖန်ခါးစမ်း- သန်းပင်ကုန်း-အလယ်ကန် ကျေးရွာချင်းဆက်လမ်း မြေသားတာပေါင်တင်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ(မြို့ပြ)က ကျေးရွာသုံးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးလုပ်ငန်းများကို ရေရှည် တည်တံ့စေရန်၊ ပျက်စီးမှုမရှိစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားသည်။
အဆိုပါ အရှည် ခြောက်ဖာလုံ၊ ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ ဖန်ခါးစမ်း-သန်းပင်ကုန်း- အလယ်ကန် ကျေးရွာချင်းဆက်လမ်း မြေသားတာပေါင်တင်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၅၂ ဒသမ ၅ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်