နေပြည်တော်၊ စက်တင်ဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ဖွင့်လှစ်ခဲ့သော Bakery နှင့် ရေခဲမုန့်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ ယခုသင်တန်းမှ သင်ကြားပေး လိုက်သော ဘာသာရပ်များသည် ကိုယ်တိုင် အသက်မွေးဝမ်းကျောင်း ကုန်ထုတ်လုပ်ငန်းများ လုပ် ကိုင်နိုင်သည့် ဘာသာရပ်များဖြစ်၍ မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်သကဲ့သို့ အိုးမကွာ၊ အိမ်မကွာဖြင့် ဝင်ငွေရရှိသည့် လုပ်ငန်းများကို လုပ်ကိုင်လာနိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းသား များ အနေဖြင့်လည်း သင်ကြားပေးလိုက်သော ပညာရပ်များအပေါ် အခြေခံပြီး ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အမြတ် အစွန်းရရှိမှုထက် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အဟာရပြည့်ဝရေးကို အလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ ထို့အပြင် ထုတ်ကုန်များ အရည်သွေးကောင်းမွန်ပြီး ဈေးကွက်၌ ဈေးနှုန်း သက်သက်သာသာဖြင့် ဖြန့်ဖြူးရောင်းချနိုင်အောင်လည်း ကြိုးစားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ယခု ဖွင့်လှစ်ခဲ့သော သင်တန်းတွင် နှမ်းကွတ်ကီး၊ ထောပတ်ကွတ်ကီး၊ နံကထိုင်၊ လျှာပေါ်ဝဲ၊ ထောပတ်ကိတ်၊ ရွှေပူတင်းကိတ်၊ ချောကလက်ကိတ်၊ Cheese ကိတ်၊ Chiffon ကိတ်၊ ခေါက်ကိတ်၊ Blueberry ခေါက်ကိတ်၊ ကိတ်ခြောက်၊ Blueberry ပန်းပွင့်ပေါင်မုန့်၊ နို့စိမ်းပေါင်မုန့်၊ အုန်းကပ်ပေါင်မုန့်၊ ကြက်ဥချောင်း ပေါင်မုန့်၊ ပဲမဲပေါင်မုန့်၊ ခရုတ်ပတ်ပေါင်မုန့်၊ အာလူးဆနွင်းမကင်း၊ ငှက်ပျောဆနွင်းမကင်းနှင့် ရေခဲမုန့်အမျိုးမျိုးပြုလုပ်နည်း စသည့် ပညာရပ်များကိုကို သင်ကြား ပေးခဲ့သည့် အပြင် Food Safety နှင့် Quality Control အပိုင်းကိုလည်း ဆွေးနွေးသင်ကြားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
                        
 
                      Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်