မြိတ် စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမ အသင်းသားတောင်သူများ၏ မိုးစပါးသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသောအထွက်တိုးမျိုး နှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ထားသည့် သမဝါယမအသင်း (၆)သင်း၊ အသင်းသား တောင်သူ (၁၅၃)ဦး၏ မိုးစပါးစိုက်ပျိုးသီးနှံ စိုက်ပျိုးဧက(၁၅၇၄)ဧကအနက် ပသောင်းကျေးရွာအုပ်စု၊ ရှမ်းတောင်ကျေးရွာရှိ “အောင်ရတနာ” စိုက်/ထွေသမဝါယမအသင်းမှ တောင်သူ ဦးအောင်ဆန်းတင်၊ ဦးခင်ဝင်း ဒေါ်သန်းအင်တို့၏ (GW-11)၊ မှော်ဘီ(၃)စပါးမျိုးဖြင့် စိုက်ပျိုးထားသည့်စိုက်ခင်းအား အသင်းသား တောင်သူများနှင့်တွေ့ဆုံကာ မှော်ဘီ(၃)မိုးစပါးတွင် သီးနှံများထွက်ရှိနေပြီဖြစ်၍ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ သီးနှံများပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ် သတိပြုရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
                        Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်