Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု


23 Sep,2025

မော်လမြိုင် စက်တင်ဘာလ ၂၃  

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ် ၊ ကော့ခနိကျေးရွာ ၊ အေးချမ်းအောင်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက        (၃၇၅)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော ရွေတစ်ဆုပ်အထွက်တိုးမျိုးစပါး စိုက်ပျိုး ထားရှိမှုကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ကွင်းဆင်းကြည့်ရှုပြီး သွင်းအားစုမြေဩဇာများ အချိန်ကာလအလိုက် စနစ်တကျ မှန်ကန်စွာထည့်သွင်းနိုင်ရေး၊ စိုက်ခင်းများအတွင်း ပိုးမွှားများမကျစေရေး၊ ပေါင်းမြက် များရှင်းလင်းရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ နည်းပညာ လိုအပ်ချက်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ သီးနှံများထွက်ရှိချိန် ဈေးကွက်ရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်