Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ပင်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေထုတ်ချေး


24 Sep,2025

တောင်တွင်းကြီးမြို့နယ် ပင်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေထုတ်ချေး

တောင်တွင်းကြီး၊ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပင်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းကြောင့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့်မျိုးစေ့၊ သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ချေးငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် အမှန်တကယ်နေကြာအဓိကထား စိုက်ပျိုးကြစေလိုကြောင်းရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက လစဥ်ဖြည့်သွင်းရမည့်စာရင်းဇယားများအား စနစ်တကျဖြည့်သွင်းထားစေလိုကြောင်း၊ အရင်းအတိုးများပေးဆပ်ရာတွင်လည်း သတ်မှတ်ကာလအတွင်း အလေးထားပေးဆပ်စေလိုကြောင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များက ပင်တိုင်ကျေးရွာရှိ နေကြာအပါအဝင်အခြားဆီထွက်သီးနှံစိုက်ပျိုးသော  တောင်သူဦးရေ ၅၀ဦးတို့အတွက် ငွေကျပ်၂၂၈သိန်းထိ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပင်တိုင်ကျေးရွာ၌ Type -2 အမျိုးအစားဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေးခြင်းသို့ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ ပင်တိုင်ကျေးရွာမှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်